ဖုန်း Hardware Power ပိုင်းဆိုင်ရာ အကြောင်း...
ဖုန်းတစ်လုံးရဲ့ powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့
အခေါ်အဝေါ်နဲ့ ပေါင်းစပ် အလုပ်လုပ်ပုံ။ ဖြစ်တတ်တဲ့ error များနဲ
့ပြုပြင်ပုံတို့ ကို အခုမှ စတင်လေ့လာနေတဲ့ ညီငယ်များပါ နား လည်
သဘောပေါက်အောင်၊ ပုံလေးတွေနဲ့ တကွ ရှင်းပြပေးထားပါတယ်။
တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ ဒီလို အဆင့်မြင့် နည်းပညာတစ်ခုကို အခြေံအဆင့် မီတာတိုင်းနည်းတောင် မ သိသေးတဲ့ ညီငယ်တွေအတွက် အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ ဒါပေမယ့် ဘာမှအားမငယ်ပါနဲ့  ညီလေးတို့ ၊ ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ် အဆင်ပြေရင်တော့ အခြေခံပိုင်းပါ ပေါင်းစပ် သင်ပေးတဲ့ သင်တန်းတွေကို မေးမြန်းပြီးတက်ပေါ့။
ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေက..
(၁) capacitor
(၂) Resistor

အ၀ါရောင်နဲ့ အညိုရောင် အတုံးလေးတွေပါ။ သူတို့ က ပတ်လမ်းမှာ လိုအပ်တဲ့ dc
volt ကို တည်ငြိမ်မှု ရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာ
ရောရှက်ပါလာတဲ့ ac လှိုင်း အနှောက် အယှက်တွေကိုလဲ ဖယ်ရှားစစ်ထုပ်ပေးပါတယ်။
ဒါကတော့ capacitor လေးတွေရဲ့ ပုံပါ။
ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ် ထားပါတယ်၊ တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး ဖုန်းပါဝါသေတဲ့ ပြစ်ချက်မျိုးတွေ ကြုံရပါ တယ်။
ဒီပုံမှာဆိုရင် မျှားအနီရောင်လေး ပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီး ပါဝါသေနေတာပါ၊ power supply နဲ့ ချိတ်လိုက်ရင် အမ်ပီယာ အဆုံးထိ ပြသွားပါတယ်။ ဒီလိုပြစ်ချက်မျိုးက အတွေ့ အကြုံများတဲ့ သူဆိုရင် ချက်ချင်း စဉ်းစားမိမှာပါ။ battery ငုတ်ရဲ့ အ၀င်မှာနားက အပေါင်းအနှုတ်လိုင်းကို ခွပြီးတတ် ထားတဲ့ ဒီကောင်လေးက dc ဗို့ ကို လုံးဝပိတ်ချလိုက်တာ။ Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက် ကတော့၊ရှော့ဖြစ်ပြီး ၀ါယာကြိုးတစ်ချောင်းလို ဖြစ်သွားတာ နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ် ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုး လုံးဝပျောက်သွားတာမျိုးပါ။ ရေ၀င်တဲ့ ဖုန်းတွေမှာ အဖြစ်များ ပါတယ်။ တကယ်လို့ ဒီပစ္စည်းလေး တွေကို အစားထိုးပြုပြင်မယ်ဆိုရင်၊ စက်ပြားဟောင်းလေးတွေ စုဆောင်းထားရပါမယ်။ ဖုန်းထဲမှာ အသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ ပစ္စည်းလေးတွေကို အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ ဒါကြောင့် စက်ပြားများများ စုဆောင်းထားတဲ့ သူဟာ အလွယ်တကူပဲ ပြင်ဆင်လို့ ရသွားမှာပါ။

ဒီကောင်လေးတွေက အမဲရောင် အတုံးအသေးဆုံးလေးတွေပါ။ အရွယ်နဲနဲကြီးတဲ့
ကောင်တွေလဲ အနဲငယ် သုံးပါတယ်။ သူတို့ ကတော့ရှော့ဖြစ်တယ်လို
့သိပ်မရှိပါဘူး open ပြတ်သွား တာများပါတယ်။ fuse resistor ကိုတော့
အဖြူရောင် အတုံးလေးတွေအဖြစ် ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD
Resistor လေးတွေပါ။
(၃) coil

(၃) coil
ကွိုင်လေးတွေကိုတော့ ပါဝါပိုင်းမှာ အနဲဆုံးလေးလုံးကနေ ခြောက်လုံးထိ တွေ
့ရတတ်ပါ တယ် ကွိုင်လေးတွေ သုံးရခြင်းရဲ့ အကြောင်းကတော့၊ ပတ်လမ်းမှာ
လိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊ dc လျှပ်စီးကြောင်းကနေ ac အသွင်ကို ကူးပြောင်းယူရန်၊ dc ဗို့ ကို လို အပ်သလို ထုပ်ယူပေးနိင်ရန် အသုံးပြုကြပါတယ်။ ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။
(၄) FET နဲ့  SOT
တောင့်တင်းကောင်းမွန်စေရန်၊ dc လျှပ်စီးကြောင်းကနေ ac အသွင်ကို ကူးပြောင်းယူရန်၊ dc ဗို့ ကို လို အပ်သလို ထုပ်ယူပေးနိင်ရန် အသုံးပြုကြပါတယ်။ ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။

(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။
ပါဝါပိုင်းမှာ နှစ်မျိုးစလုံး သုံး တတ်ပါတယ်။ ဒီကောင်လေးတွေက
လျှပ်စီးကြောင်းတွေကို လိုအပ်သလို အပိတ်အဖွင့် လုပ်တဲ့နေရာမှာ သုံးကြပါတယ်၊
နောက်တစ်မျိုးက battery ကို အားသွင်းတဲ့ နေရာမျိုးမှာ အမ်ပီယာကို
လိုအပ်သလို ထိန်း ချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။
ဒီပစ္စည်းလေးတွေ ပျက်စီးသွားရင်တော့ အမျိုးအစားတူ တစ်ခုခုနဲ့ လဲလှယ်
အသုံးပြုသင့်ပါတယ်၊ ခြေတောက်ကို ကြိုးပူးပြီး သုံးတာရတယ်ဆိုပေမယ့်
၊တစ်ချို့ ပတ်လမ်းတွေမှာ ပါဝါ အဖွင့်အပိတ် လုပ်ပေးယုံသာမကပဲ၊ charging
ပိုင်းကိုပါ တွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက် လာနိင်ပါတယ်။
ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။
(၅) DIODE

(၅) DIODE
ဒီကောင်လေးတွေကတော့ ပါဝါပိုင်းမှာ မပါ၇င်မဖြစ်တဲ့ ပစ္စည်းလေးတွေပါ အေစီကနေ
ဒီစီကိုပြောင်းပေး တဲ့နေ၇ာမှာ သုံးပါတယ်။ နောက်တစ်ခုက zener diode ပါ၊ သူ
့ကိုတော့ တစ်ချို့ ညီငယ်တွေ သိပ်သိမှာ မဟုတ်ပါဘူး။ သူက
ဘာလုပ်ပေးလဲဆိုတော့ ဒီစီဗို့ ကို ကန့် သပ်ပြီး တည်ငြိမ်အောင်
ထိန်းငြှိပေးပါတယ် အထူးသဖြင့် charging ပိုင်းတွေမှာ အသုံးများပါတယ်၊
ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီး တပ်ဆင် ထားတဲ့အတွက်၊
ဒီကောင်လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါ သေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ ပစ္စည်း
ကတော့ diode လေးပါ။
(၆) PMU

(၆) PMU
Power Management Unit ဖြစ်ပါတယ်၊ ပတ်လမ်းမှာ ပါဝင်တဲ့၊ အိုင်စီတွေရဲ့ ဗို
့အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့ အိုင်စီပါ။ ဖုန်းတစ်လုံးရဲ့ အသက်လို
့လဲပြောနိင်ပါတယ် ဒီအိုင်စီထဲမှာ အဓိက အပိုင်း(၅) ပိုင်းလောက် ပါဝင်ပါတယ်။
battery ကနေ၀င်လာတဲ့ ဗို့ အားကို လက္ခံပေးတဲ့ input section စတုဂံ
လှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator ပိုင်း၊ ပါဝါ အဖွင့်အပိတ်ကို
လက္ခပေးတဲ့ data in,out ပိုင်း၊ charging နဲ့ vibrator
အပိုင်း၊ ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို
့ဖြစ်ပါတယ် ပုံမှာ ပြထားတာကတော့ power section တစ်ခုမှာ ပါဝင်တဲ့
ပစ္စည်းလေးတွေ စုပေါင်းဖွဲ့ စည်းထားတဲ့ပုံလေး ပါ။
(၇) CRTSTAL

(၇) CRTSTAL
ဒီကောင်လေးကတော့၊ pmu အတွက် လိုအပ်တဲ့ oscillator ပိုင်းကို
ထိန်းချုပ်ပေးပါတယ်။ ပုံမှန်ပတ် လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကို
အသုံးပြုပေမယ့်၊ ဒီအပိုင်းမှာတော့ တည်ငြိမ်တဲ့ ဗို့ အားကိုလို အပ်တဲ့အတွက်၊
crystal ကို အသုံးပြုတာဖြစ်ပါတယ်။
Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။ ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေး တစ်ခုပါ။
အရင်ကတော့ ဒီကောင်လေးတွေ အပျက်နဲပါတယ်၊ hyawei g610 မှာတော့ တော်တော်လေး အဖြစ်များ ပါတယ်။ သူရဲ့ error က ပါဝါဖွင့်ရင် တစ်ခါတစ်လေ အလွယ်တကူပွင့်ပြီး၊ တစ်ခါတစ်လေ တော်တော် နဲ့  ဖွင့်မရတတ်ပါဘူး၊ အဖုံးဖွင့်ပြီး အပူလေးပေးလိုက်မှ ရသွားတာမျိုးလဲ ရှိပါတယ်။ တစ်ချို့ ဖုန်းတွေမှာ သုံးနေရင်း ရုတ်တရက် ပါဝါပိတ်သွားပြီး၊ ပြန်ဖွင့်လို့ မရတာ လဲရှိပါတယ်။ အကြောင်းကတော့ဒီ crystal လေး အရည်အသွေးညံ့လို့ ပါ။ အဲဒီလိုပါဝါကြောင်တဲ့ ဖုန်းတွေဆို crystal လဲ ကြည့်သင့်ပါတယ်။ ဒါ ကတော့ power section ပိုင်းမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ ဖြစ်တတ်တဲ့ error လေးတွေပါ ဒီပုံလေး ကတော့ power ပိုင်းရဲ့ ဆားကက် ပုံလေးပါ။
Battery ကတဆင့် ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pin ကနေတဆင့် pwm modulator ထဲကို ၀င်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာ ပါ လှိုင်းထုပ်တဲ့ အပိုင်းပါ။ အဲဒီလိုပဲ အပေါင်းဗို့ ဟာ fet ရဲ့  drain ကိုလဲ တိုက်ရျက်နေပါ တယ် power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီး အိုင်စီကို စတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်း အလုပ်လုပ်ပြီး output ပိုင်းမှာရှိတဲ့ coil အုပ်စုကနေတစ်ဆင့် အိုင်စီများအတွက် လိုအပ်တဲ့ ဗို့ အားများကို ထုတ်လွတ်ပေးပါတယ်။
power ic တွေမှာ အဖြစ်များတဲ့ ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ ရေ၀င်တဲ့ ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာ များပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက် တုန်ခါနေတာ မျိုးလဲဖြစ်တတ်ပါတယ်။ pmu ရှော့ဖြစ်ရင်တော့ အသစ်လဲလယ်ပေး မှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့ ၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာ အသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။
ပါဝါပိုင်းရှော့စစ်တဲ့ နည်းလေးတွေ

စစ်ပုံ အိုင်စီလဲပုံကိုတော့ နောက်ပိုင်းအချိန်ရရင် တင်ပေးသွားပါ့မယ်။
HUAWEI BACKLIGHT ပြုပြင်နည်း
HUAWEI BACKLIGHT ပြုပြင်နည်း
မီးပျက်တာများပျက်တာများပါတယ် များသောအားဖြင့်ရေ၀င် PHONE တွေပါ။
LCD တစ်ချက်လဲတယ်မရဘူးဆိုရင်တော့ BACKLIGHT ဗို.ကိုအရင်စစ်ကြည့်ပါ။

VOLT ထုပ်ထားပါတယ်အပျက်များတာလဲအဲဒီနှစ်မျိုးပါဘဲ အရင်ဆုံးတိုင်းကြည့်ပါ
ပြီးလျှင် CONDENSERကိုတိုင်းကြည့်ပါ DIODE ပျက်နေလျှင်CONDENSER ရှော့ကျနေလျင် VOL
T ထွက်မည်မဟုတ်ပါ

BACKLIGHT ရဲ့အလုပ်လုပ်ပုံကတော့

7.3.15
IC ဖြုတ်တတ်ပုံလေး လေ့လာ၇အောင် Video Download
IC ဖြုတ်တတ်ပုံလေး လေ့လာ၇အောင်

IC တွေကိုလွယ်လွယ်ကူကူဖြုတ်တတ်နိုင်ဖို့
လေ့ကျင့်ဖို့လိုတလို လေ့လာဖို့လဲလိုတယ်.....
IC ဖြုတ်တဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးကိုအသုံးချပြီးလွယ်တလိုဖြုတ်တပ်လို့ရပါတယ်
ကိုယ့်ဖြုတ်မယ့် IC ပေါ်မူတည်ပြီးတော့ လွယ်ကူတဲ့နည်းနဲ့လုပ်ရမှာပါ
ဒါကြောင့် IC ဖြုတ်တပ်ပုံတွေများများလေ့လာ လိုက်လုပ်ဖို့လိုပါတယ်
လောလောဆယ် ၁ ခုနဲ့ကျေနပ်ပေးပါဗျာ..Upload လုပ်မရနေလို့ အဆင်ပြေရင်ထပ်တင်ပေးပါ့မယ်
Video Download
စက်တစ်လုံးနိုးစေဖို့ သိထားသင့်သော အခြေခံ အချက်များ
အစွန်းနားလေးတွင်ရှိသော၎င်း pinသည်socket၏ပါဝါခလုတ်အလယ်သို့ရောက်ပါသည်။
အထက်ပါ 3.7V မှ 0V ပြောင်းသည့် လိုင်းနှင့် 3.4V ထွက်သည့်လိုင်းသည်power icမှထွက်လာသောလိုင်းဖြစ်သည်။ ထိုနေရာvoltများမတွေ့ပါကtransistorပျက်လျှင်၊ ၎င်း ဘေးမှ diode ပျက်လျှင်၊ထိုvoltများကိုတွေ့ရမည်မဟုတ်ပါ။ထို့အတူ power ic ခဲလွတ်ခြင်းနှင့်ပျက်ခြင်းတခုခုဆိုလျှင်လည်းထိုvoltကိုတွေ့ရမည်မဟုတ်ပါ။စက်နိုးပြီဆိုရင်တော့ 3.4vနေရာမှာ3.6v,3.7vရှိလာပြီး0vသို့ပြောင်းသည့်နေရာတွင် တောက်ရှောက် 0v အဖြစ်
ရောက်သွားပါမည်။ အားလုံးကောင်းပြီဆိုလျှင် ဆက်သွားပါမည်။
အထက်ပါပုံထည်းကအတိုင်း volt များရှိ/မရှိ စစ်ရပါမည်။ထိုနေရာများတွင် 3.6V/3.7Vပြနေမည်ဆိုပါက power ic ခဲချက်များလွတ်နေခြင်းဟု သတ်မှတ်ပါမည်။ဒါမှမဟုတ်မည်သည့်volt မှမပြပဲရှိနေလျှင်batteryconector မှtransistor,diodeတို့ကြောင့် ဖြစ်ပါသည်။
3.3Vပြရမည့်အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံးလောက်က0Vဖြစ်နေခဲ့လျှင်ထို 0V ပြနေသောအစိတ်အပိုင်းများ
shortကြောင့်သာဖြစ်သည်။ထို 0V ပြနေသည့် အပိုင်းကို ဖြုတ်လိုက်လျှင် အစားထိုးပြန်မတပ်မှီ ထိုနေရာများတွင်3.6V,3.7V ကို တွေ့ရမည်ဖြစ်ပြီးအစားထိုးတပ်၍ ပြန်တိုင်းမည်ဆိုလျှင် 3.3V,3.4V ကိုပြန်တွေ့ရပါလိမ့်မည်။
3.3Vပြရမည့် အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံး လောက်က0Vဖြစ်နေခဲ့လျှင်ထို0Vပြနေသောအစိတ်အပိုင်းများshortကြောင့်သာဖြစ်သည်။
ထို0Vပြနေသည့်အပိုင်းကိုဖြုတ်လိုက်လျှင်အစားထိုးပြန်မတပ်မှီထိုနေရာများတွင်3.6V,3.7Vကိုတွေ့ရမည်ဖြစ်ပြီးအစားထိုးတပ်၍ ပြန်တိုင်းမည် ဆိုလျှင် 3.3V,3.4Vကိုပြန်တွေ့ရပါလိမ့်မည်။ဒီအပိုင်းအားလုံးအဆင်ပြေပြီဆိုလျှင်crystalကိုဆက်စစ်ပါမည်။
စက်တလုံးနိုးခြင်းမနိုးခြင်း၏အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။ထိုcrystal အလုပ်မလုပ်လျှင် လုံးဝ နိုးမည် မဟုတ်ပါ။အောက်ကပုံကိုကြည့်ပါ....မမြင်ရပါက ပုံကြီးချဲ့ကြည့်ပါ...
32.768
KHz လှိုင်းကို ထုတ်ပေးပါသည်။XTAK32_IN ဆိုသောဘက်တွင်00.1v,00.2v
တခုခုရှိနေရပါမည်။ထိုနေရာvolt မတွေ့ခဲ့လျှင်Power ic မှ oscillation
မထွက်ခြင်း သို့မဟုတ် C321 short ဖြစ်နေခြင်းတို့ကြောင့်ဖြစ်ပါသည်။
ပါဝါခလုတ်မနှိပ်မှီ XTAL32K_OUT ဆိုသောဘက်သို့ supply test ဘက်မှလက်တံအနီကို
ထောက်ထားပြီးပါဝါခလုတ်နှိပ်ပါ။ထိုအခါcrystalကောင်းမည်ဆိုပါကထိုနေရာတွင်စက္ကန့်ပိုင်းလောက်00.1V,00.2Vကိုတွေ့ရပါလိမ့်မည်။အမှန်တကယ်crystalကောင်မကောင်းဆိုသည်မှာ Oscilloscope ဖြင့်တိုင်းမှအတိအကျသိနိုင်ပါသည်။အခု နည်းလမ်းမှာ
အဆင်အပြေဆုံးနှင့်အလွယ်ကူဆုံး ဟု့ပြောရပါလိမ့်မည်။
အကယ်၍ XTAL32K_OUTတွင်voltမတွေ့ခဲ့လျှင် crystal ပျက်ခြင်း သို့မဟုတ် C320 short
ကျခြင်းတို့ကြောင့်ဖြစ်ပါသည်။၎င်းတို့ကိုလဲပေးလိုက်လျှင် အားလုံးအဆင်ပြေပြီး အောက်ပါ
ပုံအတိုင်း volt ထွက် တွေ့ရပြီဆိုလျှင်၎င်း စက်သားသည် ကောင်းမွန်စွာ နိုးနေခြင်းကို
တွေ့ရပါလိမ့်မည်။
circuit တွင်နိုးသွားသည်ဆိုသည်နှင့်ပထမပြနေသော3.3v/3.4v တို့သည် အသီးသီ3း.6v/3.7v
သို့ပြောင်း၍ power ic မှထပ်မံထွက်လာသောvolt အသီးသီးကိုတွေ့ရှိရမည်ဖြစ်သည်။
ထိုကဲ့သို့ volt အသီးသီးကို စုံလင်စွာတွေ့ရှိမှသာ ပထမအဆင့်စက်နိုးသုံးသပ်ချက်ရရှိပါမည်။
ဒုတိယသုံးသပ်ချက်ကို ဆက်လေ့လါပါမည်။ဒီအပိုင်းကတော့ cpu နှင့် emmc အပိုင်းပါ။အောက်က
ပုံမှာတွေ့ရသလို volt များထွက်ခြင်းရှိ-မရှိကိုစစ်ရပါမည်။
ဒီအပိုင်းကို စစ်ကြည့်ရခြင်းအကြောင်းရင်းမှာ-တချို့သောစက်များတွင် ပါဝါခလုတ်သို့ 1.4v
ထွက်ရှိသော်လည်းစက်နိုးလိုက်လျှင် 0.3 amp အထိတက်ပြီး ပြန်လွှတ်လျှင် amp ပြန်ကျခြင်းနှင့်
transistor 0v ပြောင်းမည့်ငုတ်တွင် 3.7v ထွက်ရမည့်အစား volt လုံးဝမရှိခြင်း။
Power ic တွင် မူရင်းရှိရမည့် 3.3v/3.4v တို့အစား 3.6v/3.7v တို့ကိုသာတွေ့ရှိခြင်း။ တချို့စက်
များတွင်amp တက်လိုက်ကျလိုက်ရှိနေပြီး ရုတ်တရက်ကြည့်လျှင်စက်နိုးသည်ဟုထင်ရသော်လည်း
Display ရုပ်မပေါ်သည့်အခါ backlight အပိုင်းကို လွဲမှားစွာ ကိုင်တွယ်မိခြင်းကြောင့်အဆင်မပြေ
သည် များကြုံရသည့်အတွက် cpu နှင့် emmc အပိုင်းသို့ volt ထွက်စစ်ကြည့်၇ခြင်းဖြစ်ပါသည်။
တချို့သောစက်များတွင်power
ic ဝန်းကျင်တွင် 3.6v,3.7v ကိုသာ တွေ့ရပြီး0v ပြောင်းရမည့်
transistorငုတ်တွင်လည်းမည်သည့်voltမှမတွေ့ပဲရှိနေပြီးpowerခလုတ်တွင်1,4vထွက်ပြီးpower
နိုးလျှင်0.3ampလောက်တက်ပြီးပြန်လွှတ်လျှင်ampပြန်ကျသောစက်များသည်
poweric
reheat လုပ်ခြင်းနှင့်ဖြေရှင်းနိုင်သော်လည်း များသောအားဖြင့် crystal
မဆွဲတော့သည့်အတွက် power ic လဲမှသာလျှင် ကောင်းသည်ကိုတွေ့ရပါသည်။
အခုလို သဘောကို နားလည်ပြီဆိုရင်တော့ မိမိကိုင်သောစက်သည် နိုးမည်။မနိုးဘူးဟူသော
သဘောကို ရပြီဟု ထင်ပါသည်။ထိုက်သင့်သလောက်နားလည်သွားသည်နှင့် မည်သည့်စက်ကို
မဆို
ချင့်ချိန်စွာ ကိုင်နိုင်လာလိမ့်မည်ဟုယုံကြည်ပါသည်။တတ်သလောက်တွေ့ သလောက်သာ
ပြန်ရှယ်ပေးသောကြောင့် အမှားပါခဲ့သည်ရှိသော် ပြန်လည် အကြံပြုပေးနိုင်ပါတယ်
ခင်ဗျာ။
မှတ်ချက်။ ။ယခု နမူနာ ပြထားသော ပုံများမှာ Hawei U8825 ၏ circuit များဖြစ်ပါသည်။
မှတ်ချက်။ ။ယခု နမူနာ ပြထားသော ပုံများမှာ Hawei U8825 ၏ circuit များဖြစ်ပါသည်။
Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
ဒီတစ်ခါတော့Hardwareသမားတွအတွက်ဖုန်းအကြောင်းသိသင့်သိထိုက်တာလေးတွေပါ။..။
ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို မိတ်ဆက်ပေးသွားမယ်။
Post ကရှည်လို့ မဖတ်နိုင်ရင်တောင် Downloadဆွဲပြီး ဖတ်လို့ ရအောင် PDF file နဲ့ပါတင်ပေးလိုက်ပါတယ်ခင်ဗျာ..။
အောက်က လင့်ခ်မှာဒေါင်းနိုင်ပါပြီ..။ဖိုင်ဆိုဒ်ကလည်းသေးသေးလေးပါ..
အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။
အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။
အဆင့် ၆ အဆင်ပြေပါသွားပြီး ခိခိ
Download Here
ခုမိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်၊ အောက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power Section တို့ပါ၊
Antenna Switch:
-----------------------
Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လိုခေါ်နိုင်ရင်အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်တယ်၊ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို သတ္ထု မဟုတ်တဲ့
Antenna Switch တွေလဲရှိတယ်၊ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရတတ်ပီး
CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပီး အခြား သက်ဆိုင်ရာ Procesor များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊
P.F.O
------------
PFO ကို Network Section ထဲက Antenna Switch နားမှာတွေ့နိုင်တယ်၊ PFO ကို P.A(Power Amplifier) လို့လဲခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြသနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြသနာတတ်သွားရင် ဖုန်းပျက်သွားမယ်၊
RF IC / Hagar / Network IC
------------------------------------
RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာတွေ့နိုင်တဲ့ Hardware component
ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်၊ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကိုပြုလုပ်ပါတယ်၊ RF IC မကောင်းရင်
ဖုးန်ရဲ့ Network ပြသနာတတ်ပါပီ၊ တစ်ခါတစ်လေ ဖုန်း တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး၊
Phone 26 MHz Crystal Oscillator
-----------------------------------------
MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲခေါ်ပါတယ်၊ သတ္ထုနဲ့ ပြုလုပ်ထားတယ်၊ Network Crystal ကတော့ ဖုန်း အထွက် Call
ခေါ်တဲ့ အခါ frequency ကိုဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး၊ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊
VCO
--------------
VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်၊ VCO မကောင်းရင် ဖုန်း Network
ပျက်မှာဖြစ်ပီး "Call End" တို့ "Call Failed" တို့ကိုပြနေမှာပါ၊
RX Filter
--------------
RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အ၀င် Call တွေလာတဲ့ အခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX Filter ပြသနာတက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြနာရှိလာပါမယ်၊
TX Filter
------------
TX Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊
ROM
------------
ROM ကို ဖုန်း ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကိုဝန်တင်ပေးပါတယ်၊ အကယ်၍ ROM မကောင်းရင် (သို့) ပြသနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြသနာတတ်မှာဖြစ်ပီး ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊
RAM
------------
RAM ကိုတော့ ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူအလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့
ညွန်ကြားချက်တွေကို Operation System ကို ပေးပို့ခြင်းတွေကိုလုပ်ပါတယ်၊ RAM မကောင်းရင် software ပြသနာသနာ တတ်မှာဖြစ်ပီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှမလုပ်တော့ပဲရပ်နေတာတို့ လဲ ဖြစ်တတ်ပီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲဖြစ်နိုင်ပါတယ်၊
Flash IC
------------------
Flash IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်တယ်၊ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ် တွေကို ထည့်သွင်းထားတယ်၊ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို
သုံးမရအောင်ပါဖြစ်သွားနိုင်ပါတယ်၊
Power IC
-------------
Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်၊ Power IC ရဲ့ အလုပ်က
battery ကနေ power ရယူပီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေအားလုံးကို ပို့ပေးတယ်၊ အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း
သုံးလို့ရတော့မှာ မဟုတ်တော့ဘူး၊
Charging IC
--------------------
Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပီးတော့ Battery ကိုအားသွင်းပေးပါတယ်၊ Charging IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍
Charging IC သာ short then the set will get dead.
RTC
------------
RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်ပါတယ်၊ သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင်ပါတယ်၊ သူ့ကို သတ္ထုနဲ့ ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ ပါပြုလုပ်ထားတတ်တယ်၊ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပီး
ရေတွက်နေဖို့ပါ၊ အကယ်၍ RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝသုံးမရတဲ့အထိလဲ ဖြစ်သွားနိုင်ပါတယ်၊
CPU
-----------
CPU ကို Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲခေါ်တယ်၊ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊ CPU ပျက်ရင်
ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး၊
Logic IC / UI IC
--------------------
Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်၊ သူ့မှာ ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်၊ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့အလုပ်ပါ၊
အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ တုန်ခါမှူတို့ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့အလုပ်လုပ်မှာ မဟုတ်ပါဘူး၊
Audio IC
--------------
Audio IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို Melody IC လို့လဲခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ၊ Audio IC အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ
မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံးဝ ပျက်သွားမယ်၊
အားလုံးအဆင်ပြေနိုင်ကြပါစေ။ ။ http://www.solidfiles.com/d/d12eb13ff0/
No comments:
Post a Comment